ဒါကတော့ ပြီးသလိုလို မပြီးသလိုလို ရှိနေတဲ့ ဆီဆေးကားလေး.. (မတည်ငြိမ်သေးပါဘူး)
အဓိပါယ်က ဒေါသ အနုစားကို ရှင်းရှင်းလေးပြချင်တာပါ။ ဒီကားPink Fearနှင့်အတူ Red Upsetဆိုတဲ့ နောက်တကားလည်းရှိပါသေးတယ်။ သူတို့ဟာ စုံတွဲနှစ်ကားအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။
ဒီကားမှာ.. ဒေါသ အနုစားဖြစ်တဲ့ စိုးရိမ်ထိန့်လန့်ခြင်း..
ပန်းရောင်ဆိုတာ.. စိုးရိမ်ကြောက်လန့်မှုကိုလည်းပြနေတယ်လို့ သတ်မှတ်မိတယ်။ ဒီတော့..ဖေါ်ပြမှုတရပ်အနေနဲ့ အရောင်နှင့်အတူ မျက်နှာဖြင့်ပါတွဲဖက်ပြီး ရှင်းရှင်းလင်းလင်း ရေးထားတာပါ။ ပြောချင်တာ မိနေပြီလို့ ခံစားရပါပြီ။ ဒါပေမယ့် တခုခုလိုနေတဲ့ ခံစားချက်ကလည်းရှိနေပါတယ်။ အဲဒါက အရသာတခုများလား။ တခုခုထပ်ထည့်လိုက်ရင်လည်း အပိုဖြစ်ပြီး လက်ရှိအရသာပျောက်မှာလည်း စိုးနေပါတယ်။ စိတ်ထဲမှာ မ၀ံ့မရဲနဲ့ ဒီပုံနှင့်အတူထပ်တူခံစားနေသလိုပါပဲ။ အခုတော့ မပြီးတပြီး မ၀ံ့မရဲနဲ့ အွန်လိုင်းပေါ်တင်လိုက်မိပါတယ်။
ထပ်ပြောမယ်ဆို အကြောင်းအရာနဲ့ artist ရဲ့ feeling တစ်ထပ်တည်းကျသွားတာ... အစကတော့ .. အင်းး အမှန်က ကိုယ်ကိုတိုင် စိုးရိမ်ကြောက်လန့်နေလို့ ဒီကားရေးတာ မဟုတ်ဘူး။ သူများခံစားချက်ကို စားသုံးပြီးရေးတာပါ။ ရေးရင်းနဲ့ နောက်တော့ ကိုယ်ပါဝင်စားလာခဲ့တယ်။



Posted in: