Malaysia, Kota Bharu မြို့ရဲ့ အလှအပတချို့အပြင် ထိုင်းနှင့်ကပ်ရပ်ဖြစ်တဲ့ Kota Bharu မြို့၏အစွန်အဖျားကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ထိုင်းနှင့်ကပ်နေတာကြောင့် ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားစေတီတချို့ကိုလည်းသွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဘုရားပွဲအတွက်ပြင်ကြဆင်ကြနဲ့ ပွဲဈေးတန်းအနည်းငယ်ကိုလည်းတွေ့ခဲ့ရသေးတယ်။
အခု ဒီblog မှာ အဓိကရေးချင်တာကတော့ ဘုရားရုပ်တုတွေနဲ့ဝန်းကျင် ဗိသုကာတွေရဲ့ Perspective ကို အနည်းငယ်သတိထားလေ့လာမိပါတယ်။
ပထမပုံမှာ မတ်တပ်ရပ်ပုံတော်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဘယ်ဘက်ပုံမှာ ဟိုးအဝေးအောက်ကနေ လှမ်းရိုက်ထားတာဖြစ်ပြီး ယာဘက်ပုံကတော့ လှေကားတက်နေရင်းရိုက်ထားတာ ဖြစ်ပါတယ်။
ဒုတိယပုံမှာ ရင်ပြင်တော်ရောက်လို့ အောက်ကနေဖူးမျှော်နေပုံပါ။ ဒီဘုရား၂ဆူမှာ ရုပ်တုအကြီးမှ မျက်နှာတော်နှင့်မျက်ရှင်ကြည့်ခြင်းအားဖြင့် အဝေးမှဖူးမျော်လာသူအပေါင်းကို မျက်နှာတော်လှမ်းမြင်ပြီးကြည်ညိုနိုင်အောင် Perspective အရ ကောင်းမွန်စွာထုလုပ်ထားပါတယ်။ ရုပ်တုအသေးမှ ရင်ပြင်တော်ကိုရောက်ရှိပြီးသားသူတို့အတွက် အနီးကပ်ဖူးနေနိုင်ရန် ထုလုပ်ထားတဲ့အတွက် အနီးအဝေးသဘောတရားတွေနှင့် အမျှော်အမျင်ရှိတဲ့ ရှေးခေတ်ပညာရှင်တို့ရဲ့ လက်ရာ အနုပညာတွေကိုလေးစားမိပါတယ်။ ထုလုပ်ပုံထူးခြားမှု တခုရှိသေးတာက... အဝေးကြည့်ဖြစ်တဲ့ ရုပ်တုကြီးကို မှန်စီဒီဇိုင်းတွေဖြင့်ဆင်ထားတာကို ကြည့်ခြင်းအားဖြင့် အဝေးကကြည့်မြင်တောင် သိသာထင်ရှားစေတာကို ပိုပေါ်လွင်စေတယ်လို့လည်း မြင်မိပါတယ်။
ကျမရဲ့ဓာတ်ပုံထဲမှာ Perspective အယူအဆလေးတွေ၊ ကိုယ်ပိုင်စိတ်ကူးလေးတွေကို အမိအရ အဓိကဖမ်းယူထားတာဖြစ်ပါတယ်။ အခွင့်ကြုံလို့ ကျမ ပုဂံထပ်သွားဖြစ်ရင် ဗိသုကာတွေအကြောင်းထပ်လေ့လာပြီးပုံလေး မှတ်တမ်းအနေနဲ့ ဓာတ်ပုံလေးတွေ ရိုက်ချင်ပါသေးတယ်။





Posted in: