Why care more than necessary? (လိုအပ်သည်ထက်ပိုပြီး ဘာလို့သက်ညှာနေမှာလဲ?)

အရာရာတိုင်းဟာမတည်မြဲပါဘူး။ လောကကြီးမှာသေချာတာကတော့ မသေချာခြင်းတွေသာ…

ဘယ်အရာကိုမှ ကိုယ်အပိုင်စိုးရတယ်ဆိုတာ လောကမှာမရှိပါဘူး။ ငါပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း၊ ငါမွေးထားတဲ့ ငါ့သားသမီး၊ ငါ့ရာထူး စတာတွေလည်းမတည်မြဲပါဘူး။ နေ့မှာမြင်ရပေမယ့် ညမှာပျောက်ချင်ပျောက်သွားတာပါဘဲ။ အားလုံးသိတဲ့အတိုင်း ငါတို့ရဲ့ခန္ဒာကိုယ်ကြီးဟာလည်းမတည်မြဲပါဘူး။ ဒါကြောင့် အဲဒီခန္ဒာကိုယ်ကြီးကို အမြဲသက်တောင့်သက်သာဖြစ်အောင်ပဲ ဘာကြောင့်သက်ညှာနေမှာလဲ? (ဒီနေရာမှာ ကိုယ့်ကိုကိုယ် နိုပ်ဆက်နေခြင်းကိုမဆိုလိုပါ။)


အလုပ်(ဘ၀)နှစ်ခုအခွင့်အလမ်းကို ယှဉ်တွဲပြမယ်ဆိုလျှင်…

ပထမအလုပ်တခုသည် သက်တောင့်သက်သာပေးမယ်.. ဒါပေမယ့် အဲဒါဟာ ရင်ခုန်စရာကောင်းမှုနဲ့ အမြောက်အမြားတိုးတက်မှုကိုနည်းပါးစေတယ်။

ဒုတိယအလုပ်တခုသည် ပို၍မြင့်မြတ်သောရည်မှန်းချက်များဖြင့် စိန်ခေါ်မှုတွေပိုများသော ရင်ခုန်စရာများနှင့်ပြည့်နှက်နေမည်.. သို့သော် ၄င်းသည် ပထမအလုပ်လိုပုံမှန်လေးလိုလို သက်တောင့်သက်သာပေးမည်မဟုတ်။


အဲဒီနှစ်ခုကိုယှဉ်လာမယ်ဆို ပို၍မြင့်မြတ်တဲ့ရည်မှန်းချက်ဖြစ်သော၊ စိန်ခေါ်မှုတွေပိုများသော၊ ရင်ခုန်စရာများနှင့်ပြည့်နှက်နေသော ဒုတိယအခွင့်အလမ်းကို ကျွန်မ ရွေးချယ်မိမှာပါ။ မဟာဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက မမြဲတဲ့ခန္ဒာကိုယ်ကြီး ကိုယ့်ဆန္ဒအတိုင်းမဖြစ်တဲ့အတူတူ သီလစောင့်ကာ လုံ့လမလျှော့ဘဲကြိုးစားတဲ့ ပြည့်ဝပြင်းထန်မှုအဓိပတိနှင့်ပြည့်စုံသော ဘုရားလောင်း မဟာဇနကမင်းသားကို သိပ်သဘောကျပါတယ်။

ငါတို့စိတ်ဆန္ဒမပါဘဲ ခန္ဒာကိုယ်ကြီး နေမကောင်းဖြစ်ကြတယ်။ ငါတို့ ခွင့်ပြုချက်မပါဘဲ ပျက်ဆီးကြတယ်။ ဒါကြောင့် ကျွန်မတို့တတွေ ဒီခန္ဒာကိုယ်ကြီးကို လိုအပ်သည်ထက်ပိုပြီး ဘာလို့သက်ညှာနေမှာလဲ?

လုပ်သည့်အရာများအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကိုယ့်စကားနားမထောင်တဲ့ ခန္ဒာကိုယ်ကြီးကို ဂရုအလွန်အမင်းမပြုဘဲ ငါတို့အပြင်းအထန်ကြိုးစားကြသင့်ပါတယ်။


In the Buddhist view, impermanence is everywhere. The only permanence
is impermanence. Hence our bodies are not permanent and we can always
note the decaying feeling of our bodies. Therefore, why should we
always try to sooth our bodies and find comfort for them? We should
rather strive for the best in whatever we seek, may it be in our
professions, for our religion or nation.

So whenever one is presented with two job/business opportunities, one
providing comfort but which lacks excitement and substantial progress,
the other more challenging which may make a person feel uncomfortable
the goal is more noble, the second option is better. Why should we
give too much care for the comfort of our bodies, when our bodies are
always acting out of their own? They get sick without our wish. They
decay without our consent. So why care more than necessary? For the
excellence in everything we do, we must strive for the best without
much regard to such disobedient bodies.

May there be excellence for all!

 
ALERT: My newsletter account has been hacked and I have also stopped using it. If you are getting mails "Random chronicles" from khitster[at]gmail[dot]com, please add that email to SPAM list. Sorry for all the trouble caused. Follow my BLOG. Copyrighted © 2013 Shwe Thiri Khit. All right reserved.