Memories from Childhood

ဒီနေ့တော့ ဘာရယ်မဟုတ် အပျင်းပြေစိတ်ထဲရှိတာ ချရေးပါရစေ။ ငယ်ငယ်ကပုံလေးတွေ ပြန်ကြည့်ရင်း ကြည်နူးရင်း ပြန်သတိရလို့နေတယ်။ ကလေးဘ၀မှာ ကျော်ဖြတ်ခဲ့ရတဲ့ အချိန်အစိတ်အပိုင်းတော်တော်များများကိုလည်း ခုထိမမေ့သေးဘဲနဲ့ သတိရနေတုန်းပဲ။



















လူတော်တော်များများကမေးကြပါတယ်။ ဖန်တီးရေးဆွဲထားတဲ့ပုံလေးတွေက ရွှေခေတ်နဲ့တော်တော်တူတယ်။ ကိုယ့်ပုံကိုယ်ပြန်ဆွဲထားတာလား? တဲ့...။ ဟုတ်ပါတယ်။ Artist ကိုယ်တိုင်က self-expression တယောက်ဖြစ်နေတာကြောင့်ရယ်၊ artist (သို့) painter တယောက်ဟာ portrait ရေးဆွဲတဲ့အခါမှာ များသောအားဖြင့် ကိုယ့်ပုံနဲ့သွားတူနေတတ်တယ်။
ဒီ artwork လေးတွေကတော့ ငယ်ငယ်တုန်းက အဖြစ်အပျက်များနဲ့ ငယ်စဉ်ဘ၀ကို ပြန်လည်အောင့်မေ့သတိရလို့ ဖန်တီးခဲ့တာဖြစ်ပါတယ်။

ပင်ကိုယ်ဗီဇဖြစ်တဲ့ ပုံရေးဆွဲခြင်းနဲ့ ရသအနုပညာချစ်မြတ်နိုးမှု တွေကလွဲလို့ ငယ်ငယ်တုန်းက ကျွန်မနဲ့ အခု ကျွန်မဘာတွေများကွာခြားနေပါလိမ့်? တော်တော်များလိမ့်မယ်နော်.. ဘယ်လိုပဲဖြစ်ဖြစ် ၁လသမီး၊ ၁နှစ်သမီး၊ ၂နှစ်သမီး၊ ၃နှစ်သမီးမှမဟုတ်တော့ဘဲ.... ဘာတွေကွာခြား၊ ဘာတွေတိုးတက်လာတယ်၊ ဘာတွေပျောက်ကွယ်သွားတယ်ဆိုတာ.....

 
ALERT: My newsletter account has been hacked and I have also stopped using it. If you are getting mails "Random chronicles" from khitster[at]gmail[dot]com, please add that email to SPAM list. Sorry for all the trouble caused. Follow my BLOG. Copyrighted © 2013 Shwe Thiri Khit. All right reserved.